အထောက်အထားနှစ်ရပ် အတည်ပြုချက်
iOS 13.4၊ iPadOS 13.4၊ macOS 10.15.4 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများပါရှိသော စက်ပစ္စည်းတစ်ခုတွင် သင့် Apple Account ဖန်တီးလျှင် သင်၏အကောင့်သည် အထောက်အထားနှစ်ရပ်အတည်ပြုချက်ကို အလိုအလျောက်အသုံးပြုသည်။
iOS 9၊ iPadOS 13၊ OS X 10.11 သို့မဟုတ် နောက်ပိုင်းထွက်အမျိုးအစားများတွင် Apple Account အတွက် အထောက်အထားနှစ်ရပ် အတည်ပြုချက်။ အထောက်အထားနှစ်ရပ်အတည်ပြုချက် မရှိဘဲ Apple Account အကောင့်ကို ဖန်တီးထားပြီးဖြစ်ပါက အထောက်အထားနှစ်ရပ်အတည်ပြုချက်ကိုဖွင့်ရန် ဤအဆင့်များကိုလိုက်နာပါ၊
Settings
> [your name] > Sign-In & Security ကိုသွားပါ။
Turn On Two-Factor Authentication ကိုနှိပ်ပါ၊ ထို့နောက် ဖန်သားပြင်ရှိညွှန်ကြားချက်များကိုလိုက်နာပါ။
အထောက်အထားနှစ်ရပ် အတည်ပြုချက်သည် သင်၏Apple Account အကောင့်သို့ (သင်၏ Apple Account စကားဝှက်ကို သူတို့သိလျှင်ပင်) အခြားသူများဝင်ရောက်ခြင်းကို ကာကွယ်ရေးတွင် အထောက်အကူဖြစ်စေပြီး iOS၊ iPadOS နှင့် macOS တို့တွင် လုပ်ဆောင်ချက်တချို့သည် အထောက်အထားနှစ်ရပ်အတည်ပြုချက်၏လုံခြုံရေးစနစ်ကို လိုအပ်သည်။ အထောက်အထားနှစ်ရပ် အတည်ပြုချက်ပွင့်နေသည့်အခါ ယုံကြည်ရသည့်စက်ပစ္စည်းတစ်ခုကိုသုံးခြင်းဖြင့် သင့်အကောင့်ကို ဝင်ရောက်နိုင်သည်။ ပထမဆုံးအကြိမ် စက်ပစ္စည်းအသစ်တစ်ခုသို့ အကောင့်ဝင်သည့်အခါ၊ သင်သည် အချက်အလက်နှစ်ခုပေးရန် လိုအပ်သည်၊ သင့် Apple Account စကားဝှက်နှင့် ဂဏန်းခြောက်လုံး ကုဒ်နံပါတ်သည် သင့်ဖုန်းနံပါတ်သို့ပို့ပေးခြင်း သို့မဟုတ် သင်ယုံကြည်ရသည့် စက်ပစ္စည်းများတွင်ပြခြင်းတို့ အလိုအလျောက်လုပ်ဆောင်သည်။ ကုဒ်နံပါတ်ဖြည့်ခြင်းဖြင့်၊ သင်ယုံကြည်ရသည့်စက်ပစ္စည်းအသစ်ဖြစ်ကြောင်း အတည်ပြုသည်။